ပေါင်မြို့နယ်၌ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်






ပေါင်      ၊    ဇွန်      ၂


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့ညနေပိုင်းက ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့လုပ်ကိုင်ရမည့်လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိဌာန၏လုပ်ငန်းတာဝန်များ၊ရည်မှန်းချက်တာဝန်များကို အောင်မြင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများကို ဌာနဆိုင်ရာများအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်    ပူးပေါင်းဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့သည်။


ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် က မိမိတို့ပေါင်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနအလိုက် လုပ်ငန်းတာဝန်များ၊ရည်မှန်းချက်တာဝန်များကိုအရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင်ဌာနအလိုက် အားနည်းချက်၊အားသာချက်များကို ဌာနတစ်ခုချင်းစီအလိုက် တင်ပြဆွေးနွေးခြင်းများဆောင်ရွက်‌စေခဲ့ပြီးလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်းတင်ပြဆွေးနွေးခဲ့သည်။


ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းတာဝန်များ၊ဆောင်ရွက်ထားရှိမှုများကို တစ်ဦးချင်းတင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ နှင့် ‌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)