ဆီဆိုင် - လွိင်လင်လေး - လွိင်ကော် ကားလမ်းတစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူများအား တပ်မတော်မှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင် - လွိင်လင်လေး - လွိင်ကော် ကားလမ်းတစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူများအား တပ်မတော်မှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး






ဆီဆိုင်၊ ဇွန် ၁၀

ဆီဆိုင် - လွိင်လင်လေး - လွိင်ကော် ကားလမ်းတစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူများအား တပ်မတော်မှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း KNPP ၊ KNDF ၊ PNLO အကြမ်းဖက်အဖွဲ့များက ဒေသခံပြည်သူများ အတိဒုက္ခရောက်စေရန် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တပ်မတော်နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရသည်။ အကြမ်းဖက်အဖွဲ့များ ကယားပြည်ဘက် ဆုတ်ခွါသွားပြီးနောက် တပ်မတော်မှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲများက ဆီဆိုင်-လွိင်လင်လေးတစ်ဝိုက် နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျှက်ရှိပြီး ဆီဆိုင်-လွိင်လင်လေး-လွိင်ကော်ကားလမ်းတစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်ကြောင့် ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာများ ပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)