ကယားပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များ ယာဉ်ယန္တရားများ ပြင်ဆင်စုဖွဲ့ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များ ယာဉ်ယန္တရားများ ပြင်ဆင်စုဖွဲ့ ဆောင်ရွက်လျက်ရှိ



လွိုင်ကော်၊ ဇွန် ၁၇

ကယားပြည်နယ်အတွင်းမြို့များ မြို့အင်္ဂါရပ်နှင့်အညီဖြစ်‌စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေး အဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်နယ်စည်ပင်သာရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ရေး၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန်အတွက် လူအင်အားစုဖွဲ့မှု၊ ယာဉ်စက်ယန္တရားစုဖွဲ့မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များအတွက် ပြင်ဆင်ဆောင်ရွက်ထား ရှိရန် မှာကြားလိုကြောင်း၊ မြို့ပြသန့်ရှင်းသပ်ရပ်သာယာလှပရေး ညွှန်ကြားချက်(၁၆)ချက်နှင့်အညီ မြို့များမြို့အင်္ဂါရပ်ပြည့်စုံစေရေး၊ သောက်သုံးရေရရှိရေး၊ အမှိုက်များ စည်းကမ်းစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်အကောက်များ ပြည့်ပြည့်ဝဝရရှိရေး ဆောင်ရွက်ရန်လိုအပ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်ဝရေးနှင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးလေလွင့်မှုမရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားစိစစ်သုံးစွဲရန် မှာကြားလိုကြောင်း၊ ပြည်သူများ စိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဈေးအသစ်တည်ဆောက်နေစဉ်ကာလအတွင်း ယာယီဈေးအား စည်းကမ်းတကျဖြင့် အမြန်ဆုံး ဖွင့်လှစ်ရောင်ချနိုင်ရေး မှာကြားခဲ့သည်။

ထို့နောက် ခေတ္တပြည်နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိက စည်ပင်သာယာရေးအဖွဲ့၏ လက်ရှိစည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ လူ/ယာဉ်ယန္တရားစုဖွဲ့ထားရှိမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်း မြို့များ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်‌စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေးအတွက် လူနှင့်ယာဉ်စက်ယန္တရားစုဖွဲ့ထားရှိမှု၊ ယာဉ်များကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်၊ မြို့နယ်၊ မြို့ စည်ပင်သာယာရေး အဖွဲ့များမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)