စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို စောင့်ရှောက် ဖော်ဆောင်သွားမယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို စောင့်ရှောက် ဖော်ဆောင်သွားမယ်



အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဖွဲ့စည်းပုံကိုကြည့်ပါ။ ကျွန်တော်အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၈ ဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ ပါဝင်တဲ့ အရပ်သား ၈ ဦး၊ ပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထား ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူများနဲ့ ဖွဲ့စည်း ထားပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့မြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကောင်စီများကိုလည်း ဒေသခံများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းများနဲ့ ဖွဲ့စည်းထားပါတယ်။ တပ်မတော်က ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် တာဝန်ယူစဉ်ကာလ ဖွဲ့စည်းပုံများနဲ့ များစွာ ကွာခြားပါတယ်။ ကျွန်တော်တို့ မလွှဲမရှောင် သာသော အကြောင်းများကြောင့်သာ အရေးပေါ်ကာလ မှာ တာဝန်ယူထားရခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေရဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအရသာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်အရ ကောင်းမွန် သန့်ရှင်းသော အစိုးရတစ်ရပ်နဲ့ အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေရမယ်လို့ ပြောကြားလိုပါတယ်။


(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် 02/08/2021 မိန့်ခွန်း မှ ကောက်နှုတ်ဖော်ပြသည်။)


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)