မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကမ်းနားလမ်း(ညဈေးတန်း) စီမံကိန်းလုပ်ငန်း တည်ဆောက်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကမ်းနားလမ်း(ညဈေးတန်း) စီမံကိန်းလုပ်ငန်း တည်ဆောက်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး





မကွေး၊ ဇွန် ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင့်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများ လိုက်ပါကာ ယမန်နေ့ညနေပိုင်းက မကွေးမြို့ ကမ်းနားလမ်း(ညဈေးတန်း)စီမံကိန်း လုပ်ငန်းခွင် တည်ဆောက်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် မကွေးမြို့ ကမ်းနားလမ်း (ညဈေးတန်း)စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တည်ဆောက်ရေးကုမ္ပဏီတာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား မကွေးမြို့ ကမ်းနားလမ်း ညဈေးတန်း တည်ဆောက်ဆဲခန်းမအတွင်း မကွေးမြို့ ကမ်းနားလမ်း(ညဈေးတန်း)တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူများမှ စီမံကိန်းလုပ်ငန်း၏ ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် တည်ဆောက်မှုနှင့် ဒီဇိုင်းလုပ်ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က Global Green Interior Co.,Ltd Interior Design အင်ဂျင်နီယာများနှင့် တည်ဆောက်ရေးကုမ္ပဏီမှ အင်ဂျင်နီယာအဖွဲ့တို့ ပူးပေါင်းပြီး အင်းတိုက်အားတိုက်ဆောင်ရွက်ခဲ့လို့ လုပ်ငန်းတစ်ခုလုံး၏ ၈၅ % ခန့်ကို ပြီးမြောက်နေပြီဖြစ်၍ များစွာဂုဏ်ယူပါကြောင်း၊ စီမံကိန်းလုပ်ငန်းမှ ဇုံ(B)Garden and Plantation for Public Access Area Gaga (A) Supermarket တည်ဆောက်ရေးလုပ်ငန်းများကို ဇွန်လအတွင်း တည်ဆောက်ပြီးစီးရေး၊ ဇုံ(C) Container Bar (၅)လုံးကိုလည်း ဇူလိုင်လကုန်တွင် ဖွင့်လှစ်နိုင်ရေး၊ အောက်ထပ်ရှိ ဇုံ(C) Beer Pub နှင့် ဇုံ(A) Local Brand ဆိုင်ခန်းများကိုလည်း နမူနာဆိုင်ခန်းများ တည်ဆောက်ပြီး အကျိုးတူဆောင်ရွက်မည့် ငှားရမ်းသူများနှင့် ညှိနှိုင်းဆောင်ရွက်ကာ အမြန်ဆုံးဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားနိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန်နှင့်  အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

မကွေးမြို့ ကမ်းနားလမ်း(ညဈေးတန်း)ကို စီမံကိန်းရင်းနှီးမြှပ်နှံမှုအနေဖြင့် ကျပ်သိန်းပေါင်း (တစ်သောင်းငါးထောင်)ခန့်မှန်းလျာထားကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်ထိ လုပ်ငန်းတစ်ခုလုံး၏ ၈၅ % ခန့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ဧရာဝတီမြစ်ကြောင်းမှလာတဲ့ လေကောင်းလေသန့်ကိုခံစားရင်း အပန်းဖြေအနားယူ စားသောက်နိုင်ရေးအတွက် အဆင့်မြင့်ကမ်းနားလမ်း(ညဈေးတန်း)ကို ဈေးဆိုင်ခန်းများ စုံလင်စွာဖြင့် မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)