မုဒုံမြို့၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ




မုဒုံ၊ ဇွန် ၉

(၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် ကန်ကြီးဓမ္မရာဇိန်ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဓမ္မဂုဏ်ရည် ကျောက်ဝိုင်းကျောင်းတိုက်ဆရာတော်ကြီးထံမှ ပြည်နယ် ဝိုင်အမ်ဘီအေအသင်းနာယက ဦးဝင်းနိုင်ဦး၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက သီလတော်မြတ် ခံယူဆောက်တည်ကြရာ သြဝါဒကထာ ချီးမြှင့်ခဲ့သည်။ ထို့နောက် သြဝါဒစရိယ ဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုနှင့် ဂုဏ်ပြုလွှာများ ဆပ်ကပ်ခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ မြို့နယ်အသင်းအား ကျောင်းသားဦးရေ (၅၀၀)အတွက် သင်ထောက်ကူစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ထူချွန်းစွာ အောင်မြင်ခဲ့ပြသည့် ကျောင်းသား/သူ (၇၉) ဦးအား အောင်လက်မှတ်နှင့် ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဓမ္မရာဇိန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝရုဏထံမှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ  “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်းရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အောင်မျိုးသူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)