တီးတိန်၊ ဇွန် ၉
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က မံဆောင်း နယ်စပ်ကုန်သွယ်ရေး မြစ်ကူးကြိုးတံတားကို ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက NUG အကြမ်းအဖွဲ့၏ လက်အောက်ခံ ချင်း PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ကြိုးတံတား မိုင်းခွဲဖျက်ဆီးခြင်း ခံရသည့် ဖြစ်စဉ်အပေါ် ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ဦးဆောင်သည့် ဧရာဝတီ သတင်းဌာန က တပ်မတော်သားများက ဖျက်ဆီးသယောင် အများပြည်သူ အထင်မှား အမြင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။
ပြည်ဖျက်မိစ္ဆာများဖြစ်သည့် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်အဖွဲ့များသည် ဒေသခံပြည်သူများ သွားလာရေးခက်ခဲစေရန်၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး အခက်တွေ့စေရန် လမ်းတံတားများကို မကြာခဏ မိုင်းခွဲဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိသည်။
Photo Crd -
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment