ကူဝိတ်၊ ဇွန် ၁၁
ကူဝိတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ ကူဝိတ် (ASEAN Committee in Kuwait-ACK) သံအမတ်ကြီးအဆင့် ပုံမှန်အစည်းအဝေး တစ်ရပ်အား ၁၀-၆-၂၀၂၄ ရက်၊ ၁၁ ၀၀ နာရီတွင် မြန်မာသံရုံး၊ ကူဝိတ်မြို့၌ ကျင်းပခဲ့ရာ ကူဝိတ်မြို့ရှိ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ အာဆီယံကော်မတီ ကူဝိတ်လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ အာဆီယံကော်မတီကူဝိတ်၏ လက်ရှိဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျက် ရှိသည့် မြန်မာသံအမတ်ကြီး ဦးချမ်းအေးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့နောက် ကော်မတီ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများ၊ လက်ရှိဆောင်ရွက် လျက်ရှိသည့်ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်ရန် လျာထားသည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးတက်ရောက်လာကြသူများကို မြန်မာအစားအစာများဖြင့် နေ့လည်စာ တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment