အာဆီယံကော်မတီ (တိုကျို) အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီ (တိုကျို) အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်



တိုကျို၊ ဇွန် ၂၅

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (တိုကျို) ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E Mr. Heri AKHMADI မှ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN သို့ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် နေ့လယ်စာစားပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ (တနင်္လာနေ့) တွင် တိုကျိုမြို့ရှိ The International House of Japan အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါအခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E Mr. Heri AKHMADI နှင့် လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN တို့က မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E Mr. Heri AKHMADI မှ အာဆီယံကော်မတီ (တိုကျို) ၏ ဥက္ကဋ္ဌအမှတ်အသား “တူ” ကို လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN ထံသို့  လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တိုကျိုမြို့အခြေစိုက် လာအိုသံရုံးမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ဒီဇင်ဘာလအထိ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)