ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) နေ့သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) နေ့သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ



ဒဂုံတောင်၊ ဇွန်  ၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၏ နေ့သင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက် ပညာသင်ကာလနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် ပညာသင်ကာလ နေ့သင်တန်းများကိုဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြသည်။

ရန်ကုန်စီးပွား‌ရေးတက္ကသိုလ်(ရွာသာကြီး)၌ ဘွဲ့ကြို့၊ ဘွဲ့လွန်သင်တန်းများကို သင်ကြားပြသသော ဘောဂဗေဒဘာသာရပ်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းကိုင်ပညာ၊ စီးပွား‌ရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ ဖွံ့ဖြိုးရေးပညာ၊ အာမခံသိပ္ပံပညာများဖြစ်သည့် အထူးပြုဘာသာရပ်(၉)ခုတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် အတန်းအသီးသီးသို့ ကျောင်းတက်ရန်လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စေရေး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။


သန်းသန်းအေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)