ယူကရိန်းအရေး ဆွေးနွေးမှုစတင်ရန် မျက်မှောက်ခေတ် ပိုင်နက်ဖြစ်ရပ်မှန်များကို အသိအမှတ်ပြုရမည်ဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းအရေး ဆွေးနွေးမှုစတင်ရန် မျက်မှောက်ခေတ် ပိုင်နက်ဖြစ်ရပ်မှန်များကို အသိအမှတ်ပြုရမည်ဖြစ်


မော်စကို၊ ဇွန် ၅

ယူကရိန်း ပဋိပက္ခ ပြေလည်ရေး အတွက် ရုရှားသည် စေ့စပ်ညှိနှိုင်းရန် လမ်းဖွင့်ထားသော်လည်း ယနေ့ခေတ် ပိုင်နက်ဆိုင်ရာ ဖြစ်ရပ်မှန်များကို အသိအမှတ်ပြုပြီးမှသာ စတင်နိုင်သည်ဟု ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin က TASS သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ရုရှားဟာ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားပြီး ယူကရိန်းအရေး ဆွေးနွေးမှုကို ကျင်းပဖို့ လမ်းဖွင့်ထားပါတယ်” ဟု TASS နှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။ “အကျပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့် ရေရှည်တည်တံ့ခိုင်မြဲပြီး တရားမျှတစွာ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။”

“ဒါမျိုးဖြစ်မြောက်ဖို့အတွက် ပထမဆုံးအနေနဲ့ သူ့ရဲ့မူလအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး ခေတ်မီပထဝီနိုင်ငံရေးနဲ့ နယ်မြေဖြစ်ရပ်မှန်တွေကို အသိအမှတ်ပြုရမှာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “အနောက်နိုင်ငံတွေက ယူကရိန်းစစ်တပ်ကို လက်နက်တွေ ချပေးနေတာကို ရပ်ပြီး ကိယက်ဗ်အစိုးရအနေနဲ့ သူ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ပစ်ရပါမယ်။”

ယူကရိန်းသို့ အနောက်နိုင်ငံများမှ လက်နက်များ အဆုံးမရှိ ထောက်ပံ့မှုများသည် ပဋိပက္ခကို ဆွဲငင်ကာ အရပ်သား သေဆုံးမှု တိုးမြင့်လာစေသည်ဟု သံတမန်က ပြောကြားခဲ့သည်။


Ref - TASS

Join -  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)