တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်










ထားဝယ်၊ ဇွန် ၅

“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး"ဟူသည့်ဆောင်ပုဒ်နှင့်အညီကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်နေကြရသည့် စိုးရိမ်ဖွယ်ရာ ပြင်းထန်သော (၃)ပွင့်ဆိုင်အကျပ်အတည်းဖြစ်များဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီး ဆုံးရှုံးမှု၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာများကို ကမ္ဘာသူ၊ ကမ္ဘာသားများ သတိထားမိစေပြီးဝိုင်းဝန်း ပူးပေါင်းဖြေရှင်းနိုင်စေရန်အတွက် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” “Land restoration, desertification and drought resilience” ဆိုသည့်ဆောင်ပုဒ်အား သတ်မှတ်ခဲ့ကြောင်း၊ ၃ ပွင့်ဆိုင် ကမ္ဘာ့အကျပ်အတည်းများသည်ကမ္ဘာ့ဂေဟစနစ်ကိုပြင်းပြင်းထန်ထန်ပျက်စီးစေသည့်အတွက် လယ်ယာမြေ ဟက်တာဘီလီ ယံနှင့်ချီပြီးပျက်စီးခဲ့ရသလိုကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးနဲ့ ကမ္ဘာ့ GDP ၏တစ်ဝက်ကိုထိခိုက်စေလျက်ရှိရာတွင် ကျေးလက် နေပြည်သူများ၊ တောင်သူလယ်သမားများနှင့်ဆင်းရဲနွမ်းပါးသူများကိုအဆိုးရွားဆုံးထိခိုက်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မြေယာပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့်မြေယာအဆင့်အတန်းလျော့ကျမှု၊ မိုးခေါင်မှုနှင့် သဲကန္တာ ရဖြစ်ထွန်းမှုတွေကို  တားဆီးနိုင်မှာ ဖြစ်သလို အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကိုလည်း မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ မြေယာပျက်စီးမှုကိုတိုက်ဖျက်ရေးအတွက်မြေဆီလွှာဖွံ့ဖြိုးရန်နည်းစနစ်များနှင့် သင့်လျော်သော မူဝါဒများ၊ အစီအစဉ်များ နှင့်Project များရေးဆွဲဆောင်ရွက်ရန်လိုအပ်သလို ရေဝေရေလဲစီမံခန့်ခွဲမှု၊ မြေဆီလွှာနှင့်ရေထိန်းသိမ်းမှု၊ သဲသောင်များ တည်တံ့စေခြင်း၊ရေနစ်မြှုပ်နေသောဆားငန်မြေများအားပြန်လည်ဖော်ဆောင်ခြင်း၊သဘာဝမြေဩဇာများ အသုံးပြုခြင်းအား ဖြင့် .စိုက်ပျိုးနိုင်သောမြေများတွင်မြေဆီဩဇာ ပြန်လည်ဖြည့်တင်းပေးခြင်းတို့ကို စီမံဆောင်ရွက်ခြင်း၊ သင့်လျော်သောသီးနှံ များစိုက်ပျိုးခြင်းတို့ကိုစီမံဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ ပလတ်စတစ်ညစ်ညမ်းမှုအပါအဝင်ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုပြဿနာများ ရင်ဆိုင်ဖြေရှင်းရာတွင် ပြည်သူအားလုံးအကောင်းဆုံးဖြေရှင်းနည်းလမ်းများကိုဝိုင်းဝန်းအဖြေရှာအတူတစ်ကွ ပူးပေါင်းဆောင်ရွက်ကြခြင်းအား ဖြင့် “သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးမြေယာပြန်လည်ပြုပြင်ပေးဆိုသည့်ဆောင်ပုဒ်နှင့် အညီပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလူတစ်ဦးချင်းစီကစ၍ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ကုလသမဂ္ဂအထွေထွေရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သောနေရာဒေသ(စံပြကျေးရွာ)ဆုအားလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စဉ်ဆက်မပြတ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးဆုနှင့် သရုပ်ဖော်ပန်းချီဆုများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)