မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်





မကွေး၊ ဇွန် ၅

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ မြှင့်တင်ရန်နှင့် အနာဂတ်ကာလမှာ ကျရောက်လာနိုင်မည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများက နိုးကြားသိမြင်လာစေရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ်သည် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်မှုများပြားလာခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့အပူချိန်မြင့်မားလာပြီး မိုးခေါင်ရေရှားမှုများ၊ သဲကန္တာရဖြစ်ထွန်းမှုများ များပြားလာခြင်းကြောင့် ဝိုင်းဝန်းဖြေရှင်းကြရန် နှိုးဆော်သည့်အနေဖြင့် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အား “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး (Land Restoratlon, Desertification and Drought Reslence" အဖြစ်သတ်မှတ်ပြီး (၅၁)နှစ်ပြည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း၊ ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့သက်ရှိတွေနဲ့ ဂေဟစနစ်တွေဟာ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ စွန့်ပစ်ပစ္စည်းစတဲ့ ပြင်းထန်သောစိုးရိမ်ဖွယ် သုံးပွင့်ဆိုင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ကြုံတွေ့နေရတဲ့အတွက် ကျွန်တော်တို့ လူသားတွေအနေနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေနဲ့ ဦးဆောင်မှုတွေ အရေးတကြီးလိုအပ်နေမှုများကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း၊ မြေယာပြန်လည် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြေယာအဆင့်အတန်းလျော့ကျမှု၊ မိုးခေါင်မှုနှင့် သဲကန္တာရ ဖြစ်ထွန်းမှုများကို တားဆီးနိုင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဆင်းရဲမွဲတေမှုကို လျှော့ချပေးပြီး ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ပေးခြင်း၊ ကာဗွန်သိုလှောင်မှုကို တိုးမြင့်စေပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေခြင်း၊ မြေယာရဲ့ ၁၅ ရာခိုင်နှုန်းကို ပြန်လည်ထိန်းသိမ်းခြင်းဖြင့် အခြားပြောင်းလဲမှုများကို ရပ်တန့်စေနိုင်ပြီး မျိုးစိတ်များရဲ့ (၆၀) ရာခိုင်နှုန်းကို မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်မှာပဲဖြစ်ကြောင်း၊ ထို့ကြောင့် ရေရှည်ဖွံ့ဖြိုးပြီး အနာဂတ်မျိုးဆက်များအတွက် ပတ်ဝန်းကျင် အခြေအနေကောင်းတွေ လက်ဆင့်ကမ်းပေးနိုင်ဖို့၊ တိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ မိမိတို့တတ်နိုင်တဲ့ အပိုင်းကနေ ဖြစ်နိုင်သမျှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Click နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၊ အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗွီဒီယို Click Clip တို့ကို ပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာဆု၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက်  အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်ပြဘုတ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)