ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်လွှတ်တော်ရုံးနှင့် ရှမ်းပြည်နယ်တရားလွှတ်တော်ရုံးဝန်ထမ်းများအား ဆန်၊ ဆီ ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်လွှတ်တော်ရုံးနှင့် ရှမ်းပြည်နယ်တရားလွှတ်တော်ရုံးဝန်ထမ်းများအား ဆန်၊ ဆီ ပစ္စည်းများ ထောက်ပံ့ပေးအပ်



တောင်ကြီး၊ ဇွန် ၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်လွှတ်တော်ရုံးနှင့် ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး ဝန်ထမ်းများအား ဆန်၊ ဆီပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လွှတ်တော်ရုံး၌ ကျင်းပသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် လာရောက်ထောက်ပံ့ပေးသည့်အပြင် ဝန်ထမ်းများ လိုအပ်ချက်များရှိပါက ပွင့်လင်းစွာ အကြံပြုချက်များ ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်တရားလွှတ်တော် ရုံးဝန်ထမ်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာဝန်ထမ်းများမှ အသီးသီးလက်ခံ ရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့သည် ရှမ်းပြည်နယ်ဥပဒေရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြား၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တာဝန်ရှိ ဝန်ထမ်းများမှ အသီးသီးလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့သည် ယဥ်ကျေးမှု စာကြည့်တိုက်သို့ သွားရောက်၍ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်မဂ္ဂဇင်းနှင့် ပေပုရပိုက်စာများ၊ ကက်တလောက်များ၊ ယဥ်ကျေးမှုပြတိုက်များ ကြည့်ရှုစစ်ဆေးကာ ယဥ်ကျေးမှုစာကြည့်တိုက်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာအား သွားရောက်ကာ ဘိုးဘွားများ ညစာသုံးဆောင်နေမှုကို ကြည့်ရှုအားပေး စကားပြောကြား၍ ရှမ်းရိုးမဘိုးဘွားရိပ်သာအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်သိန်း(၅၀) လှူဒါန်းပေးအပ်ရာ ရှမ်းရိုးမဘိုးဘွားရိပ်သာဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)