မြစ်သားမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများအား ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများ လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများအား ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများ လိုက်လံစစ်ဆေး



မြစ်သား၊ ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအား ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင် ရှိ/မရှိနှင့် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ကော်မတီမှ ယမန်နေ့နံနက်ပိုင်းက လိုက်လံစစစ်ဆေးခဲ့သည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအနေဖြင့် လိုင်စင်လျှောက်ထားရန်၊ လိုင်စင်သက်တမ်းရှိစေရေး သတိပေးဆောင်ရွက်ရန်၊ လိုင်စင်မရရှိသေးသည့် လုပ်ငန်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် ပိတ်သိမ်းရန် ညွှန်ကြားထားသည့် လုပ်ငန်းများအား အမှန်တကယ် ပိတ်သိမ်းခြင်း ရှိ/မရှိကို အခါအားလျော်စွာ ရှောင်တခင်ကွင်းဆင်း လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး မြတ်သီဟမင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲမှူးဌေးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူနှင့် မြို့နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ကော်မတီအဖွဲ့ဝင်များက လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)