စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ ဇွန် ၂

စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို နယ်မြေတည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိရာ မေလ ၃၀ ရက်နေ့က ဗျိုင်းဖြူကျေးရွာတွင် လိုအပ်သော လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အနီးဝန်းကျင်ကျေးရွာများသို့ သွားရောက်ခြင်း၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း  AA သောင်းကျန်းသူများက ဒေသခံများ နေထိုင်သည့် မြို့၊ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ  တရားမဝင်ပြည်ဖျက်မီဒီယာများက ၎င်းအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်  ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် သတင်းတု၊ သတင်းအမှား များကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)