ကော့သောင်းမြို့တွင် မျက်စိဆေးကုသမှုများဆောင်ရွက်လျက်ရှိရာသို့ တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သွားရောက်၍ မျက်စိအထူးကုဆရာဝန်ကြီးများနှင့်‌ ဆေးကုသရေးအဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများ‌ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် မျက်စိဆေးကုသမှုများဆောင်ရွက်လျက်ရှိရာသို့ တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သွားရောက်၍ မျက်စိအထူးကုဆရာဝန်ကြီးများနှင့်‌ ဆေးကုသရေးအဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများ‌ပေးအပ်




ကော့သောင်း၊ ဇွန် ၁၇

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန် အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများလက်လှမ်းမီရရှိနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မျက်စိအထူးကုသဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်စိအထူးကု ဆေးကုရေးအဖွဲ့တို့သည် ဇွန်လ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့ထိ မျက်စိရောဂါဝေဒနာ ခံစားနေရသော ဒေသခံပြည်သူများအား လိုအပ်သောစမ်းသပ်စစ်‌ဆေးမှု၊ ဆေးကုသပေးမှုများနှင့် ခွဲစိပ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ယမန်နေ့နံနက်ပိုင်းက မျက်စိအထူးကု ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိ‌သော ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ရန်ကုန်မျက်စိအထူးကုသဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ မျက်စိအထူးကုဆေးကုရေးအဖွဲ့များ၊ တာဝန်ရှိသူများအား တွေ့ဆုံအား‌ပေးစကားပြောကြား၍ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး မျက်စိခွဲစိပ်မှုခံယူပြီးသူများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး မျက်မှန်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)