နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြောပြိုင်ပွဲကျင်းပ

 



နတ်မောက်  ၊  ဇွန်   ၂၄


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍   စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းဆင့် ပုံပြောပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းဆောင်ရည်မြင့်မားစေရန်၊ စကားပြောနိုင်မှု စွမ်းရည်တိုးတက်စေရေန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ဝင်တစ်ဦးက ပုံပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား သတ်မှတ်ထားသည့်အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများ အားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  ပုံပြောပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/သူများမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) နေ့တွင် ကျင်းပမည့် (၃၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။


အဆိုပါ  ပုံပြောပြိုင်ပွဲသို့  နတ်မောက်မြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အိုးဘို)၊ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူများနှင့် အားပေးကြည့်ရှုသည့် ကျောင်းသား/သူ (၆၇) ဦး တက်ရောက်သည်။


လှဝင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)