မင်းလှ ၊ ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်လျာထားချက်ဧက(၇၆၁၄၁)ရှိရာ (၄၂၃၀၆)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုးစပါးကို ဇွန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာဖြင့်လည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့်လည်းကောင်း ကူညီ စိုက်ပျိုးပေးလျက်သည်။
၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်းကို ရေမြေသဘာဝအလိုက် မျိုးစ့ချကိရိယာဖြင့်(၄၂၂၄၁)ဧက၊ ကောက်စိုက်စက်ဖြင့်(၆၅)ဧက စုစုပေါင်း (၄၂၃၀၆)ဧကအား စိုက်စနစ်များအလိုက် စိုက်ပျိုးပြီးစီး ခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ ရက်ကိုးဆယ်၊ ဗီယက်နန်၊ ထိုင်းနှံကောက်၊ YSR-1 စပါးမျိုးတို့ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)
https://t.me/MyanmarNationalPost


No comments:
Post a Comment