မိုင်းပျဉ်း ၊ ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းပျဉ်းမြို့ အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးသော်က ယခုအခါမိုးတွင်းကာလဖြစ်၍ သဘာဝဘေး အန္တရာယ် များဖြစ်သော လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်အချက်များ၊ လျှပ်စီးလက်မှု ဖြစ်ပွားစဉ်တွင် အိမ်အတွင်း၌သော်လည်းကောင်း၊ အိမ်အပြင်၌ သော်လည်းကောင်းရှိနေပါက သတိပြုလိုက်နာရမည့်အချက်များ၊ လျှပ်စီးလက်ခြင်း ဖြစ်ပွားပြီးနောက် လိုက်နာရမည့် အချက်များ၊ မိုးကြိုးဘေး၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ လေပြင်းဘေးများ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်အချက်များ၊ လိုက်နာရမည့်အချက်များတို့ကို အသေးစိတ်ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲမှ Grade-9၊ Grade-10၊ Grade-11မှ ကျောင်းသား၊ ကျောင်းသူများအား ဟောပြောဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဟောပြောပွဲအပြီးတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက လေပြင်းဘေးနှင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment