နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဇွန် ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ၁၅-၆-၂၀၂၄ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် ဇေယျဌာနီ(၂)လမ်း (အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအကြား) လမ်းဘေးဝဲ၊ ယာနှင့် ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်း၊ အမြန်လမ်းမိုင်တိုင်(၂၂၀) နေပြည်တော်အဝင် ပန်းတင်လမ်းဆုံနှင့် ပျဉ်းမနား-တောင်ညို လမ်းတစ်လျှောက် မြက်ချုံများရှင်းလင်းခြင်း၊ သစ်ပင်များအလင်းဖွင့်ခြင်းနှင့် ရေမြောင်းဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အရိပ်ရပင်နှင့် ပန်းအလှပင်များ ထပ်တိုးစိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီး အပင်များရှင်သန်ကြီးထွားစေရေး စနစ်တကျထိန်းသိမ်းရန် မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းရပ်ကွက်နှင့် ပြည်သူများသို့ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ထားရှိသည့် ရေသန့်စင်စက်ရုံအမှတ်(၂)သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က တိုးချဲ့ရေပေးရေး ဆောင်ရွက် မည့်လုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အပြည့်အဝ ဖြန့်ဖြူးပေးဝေနိုင်ရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ သောက်သုံးရေဖြန့်ဖြူးပေးဝေရာတွင် လေလွင့်မှုမရှိရေး အထူးဂရုပြုဆောင်ရွက်ရန်နှင့် မြို့ပြနေပြည်သူများ သောက်သုံးရေအပြည့် အဝရရှိစေရန်အတွက် ရေတွန်းစက်များ၏ ကြံ့ခိုင်မှုကို အမြဲစစ်ဆေး ဆောင်ရွက်ကြရန်မှာကြားသည်။


ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် သတ္တသတ္တာဟ မဟာဗောဓိစေတီ မိဂဒါဝုန် ဘေးမဲ့တောဥယျာဉ်အနီး ရေကျော်တံတားမှတစ်ဆင့် သပြေစမ်းဆည်အတွင်း စီးဝင်လာသော သဲနုန်းများကို စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)