(၃၇)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၇)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ ဇွန် ၁၀

(၃၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ၈-၆-၂၀၂၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်ကျေးရွာမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကာ “မီဒီယာအားဖြင့် အသိပညာမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခဌာနမှူး ဒေါက်တာရာဇာဟိန်းနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်ထောက်သုတေသနအရာရှိ ဒေါ်နှင်းနှင်းလှိုင်တို့က မီဒီယာအားဖြင့် အသိပညာမျှဝေခြင်း ဆိုင်ရာလုပ်ငန်းစဉ်များနှင့်အတွေ့အကြုံများကို တင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တောင်သူလယ်သမားရုပ်သံကဏ္ဍမှ နည်းပညာပေးဗီဒီယိုများရိုက်ကူး၍ တယ်လီဂရမ်၊ ဖေ့စ်ဘုတ်တို့၌ တင်ပေးထားသည်ကို သိရှိရန်လိုအပ်ကြောင်း၊ တောင်သူဦးကြီးများ မှန်ကန်တိကျသော သတင်းအချက်အလက်များ လျင်မြန်စွာ ရရှိရေးသည်အရေးကြီးကြောင်း၊ ကျေးရွာတိုင်းတွင် တောင်သူများ မီဒီယာအသိပညာရရှိစေရန် မိုလ်ဘိုင်းဖုန်း မှန်ကန်စွာသုံးစွဲ နည်းသင်တန်းဖွင့်လှစ်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တောင်သူများပူးပေါင်းပါဝင်သော မီဒီယာအားဖြင့် အတူတကွဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားကြရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ရိုက်ကူးထားသော နှမ်း၊ မြေပဲ၊ ပဲပုပ် ပေါင်ကြီးတင် နည်းပညာပေးဗီဒီယိုကိုပြသပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့်ပညာရှင်များက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)