ပခုက္ကူ၊ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်အတွက် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်ချို၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော် ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြရာ ယခုအခါ မြို့နယ်အတွင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားလုံးဝကိုင်ဆောင်ထားရှိခြင်းမရှိသေးသည့် အသက်(၁၆)နှစ်နှင့်အထက် ပြည်သူ ၁၀၁၀ ဦးတို့အတွက် ရာနှုန်းပြည့်ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ Biometric Data(BID) ကတ်များကိုလည်း တစ်ပါးတည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment