ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချနေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချနေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း



နေပြည်တော်၊ ဇွန် ၃ 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျက်ရှိရာတွင် ဝိသမသမားစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏စီးပွားရေး၊ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံး ရောင်းချခြင်း များဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။


စုံစမ်းဖော်ထုတ်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၅၁)လမ်းအထက်၊ အမှတ်(၁၅၅/၁၅၇)၊ (၈)လွှာ၌ ရုံးခန်းဖွင့်လှစ်ထားသည့် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့ (၂)ဦးသည် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင် ရောင်းချ လျက်ရှိကြောင်းသိရှိရသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်တရားခံများအား ခေါ်ယူစစ်ဆေးခဲ့ပါသည်။


စစ်ဆေးဖော်ထုတ်ချက်များအရ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်း နှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်(ထွက်ပြေးတိမ်းရှောင်)တို့သည့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင် ရောင်းချရန် သက်ဆိုင်ရာသို့ သတင်းပေးပို့ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ (၂)ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများကပေးချေသည့် မြန်မာကျပ်ငွေများကို လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ဟွန်ဒီလုပ်ငန်းများမှ ‌ငွေကြေးများလွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိ ရပါသည်။


ထို့အပြင် Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင်ဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ (၃)ဦး သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များ၌ တရားမဝင်ဖွင့်လှစ်ထားသည့် ၎င်းတို့၏ဘဏ်‌ငွေစာရင်းများမှတစ်ဆင့် တိုက်ခန်းဖိုး ငွေကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။


သို့ဖြစ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ တရားခံဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော် (ထွက်ပြေးတိမ်းရှောင်)တို့အားလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက် မရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်ငွေစာရင်းများ တရားမဝင်ဖွင့်လှစ်ထားသည့် တရားခံ ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန် တို့အားလည်းကောင်း၊ ပြည်ပနိုင်ငံတွင် တရားမဝင် တိုက်ခန်းဝယ်ယူထားသူများအားလည်းကောင်း စိစစ်၍ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


ထို့အပြင် ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား Online မှတစ်ဆင့် တရားမဝင် ရောင်းချနေသည့် အခြားကုမ္ပဏီများနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ် ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် ထိုကဲ့သို့ တရားမဝင်ပြည်ပ နိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာသတင်းပေးပို့ပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။‌


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)