ငါးသိုင်းချောင်း မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအနက် ၆၀.၇၄ ရာခိုင်နှုန်း ဖြေဆိုအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်း မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအနက် ၆၀.၇၄ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်


ငါးသိုင်းချောင်း၊ ဇွန်   ၁၁

ဧရာဝတီတိုင်းဒေသကြီး ၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်များ ကိုယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ထုတ်ပြန်ထားခဲ့ရာ ငါးသိုင်းချောင်းမြို့အတွင်း၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၆၀.၇၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း မြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(ငါးသိုင်းချောင်း) စာစစ်ဌာန၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၁၃၅ ဦး ရှိပြီး ၈၂ ဦး အောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၁၄ ဦးရှိပြီး မြို့၏ အောင်ချက်ရာခိုင်နှုန်းမှာ ၆၀.၇၄ ရာခိုင်နှုန်းရှိကြောင်း  သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)