နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ကျောင်းသား/ ကျောင်းသူ (၁၂၁၃)ဦး ပညာသင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ကျောင်းသား/ ကျောင်းသူ (၁၂၁၃)ဦး ပညာသင်ကြား





ကျောက်ဆည်၊ ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ လက်ခံ၍ အင်ဂျင်နီယာဘာသာရပ်များနှင့် ပိသုကာပညာရပ်များ စတင်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူ(၁၂၁၃)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။  

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)အနေဖြင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်၍ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ မက္ကာထရောနစ်အင်ဂျင်နီယာ၊ သတ္ထုဗေဒအင်ဂျင်နီယာ၊ နျူကလီးယားအင်ဂျင်နီယာ၊ သုတနည်းပညာ၊ ဇီဝနည်းပညာများစသည့် ဘာသာရပ်အလိုက် အခန်းများခွဲကာ သင်ကြားသင်ယူမှုများအောင်မြင်စေရေး စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သက်မောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)