ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့် တွေ့ဆုံ


ပုသိမ်၊ ဇွန် ၂၈

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့်သွင်းအားစု၊ ဝယ်ကြိတ်အဖွဲ့များနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ရာသီမှစ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံရရှိခဲ့ပြီး နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးရန်အတွက် တောင်သူများထံသို့ သွင်းအားစုများထောက်ပံ့ပေးခဲ့ပါကြောင်း၊ သွင်းအားစုများ အပြည့်အဝထည့်သွင်းနိုင်ရေးအတွက် ငွေကျပ်နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများအား တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိစေရေး၊ ထည့်သွင်းအသုံးပြုစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကြပ်မတ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ တောင်သူများအနေဖြင့် သွင်းအားစုများကို အပြည့်အဝအသုံးပြု၍ အထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးခြင်းကြောင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများ၊ သွင်းအားစုကိုယ်စားလှယ်များနှင့် တောင်သူများအတွက် များစွာအကျိုးရှိသည်ဖြစ်ပါကြောင်း၊  သွင်းအားစုများရရှိသည့် တောင်သူများသည်လည်း သွင်းအားစုနှင့်ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေး ဇုန်နှစ်ခု သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍  တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးကလည်းကောင်း ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည်စွက်ဆွေးနွေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)