မိုင်းခုတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ၌ ပျိုးပင်ပေါင်း (၅၀၀) စုပေါင်းစိုက်ပျိုးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ၌ ပျိုးပင်ပေါင်း (၅၀၀) စုပေါင်းစိုက်ပျိုးကျင်းပ

 




မိုင်းခုတ် ၊   ဇွန်  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့​၌ မြို့သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက်(၀၈:၀၀) နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နယ်မြေခံတပ်နယ် တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးမှ​ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကွက်ရှဲန်အားလည်း​ကောင်း၊ နယ်မြေခံတပ်နယ်မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝင်းမြင့်ဌေးမှ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းရွက်အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဦးမြင့်ဆွေအား လည်းကောင်း၊ မြို့နယ်သစ်​တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းနိုင်မှ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းနွမ်းအားလည်း​ကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းသိန်းမှ ဒေသခံလားဟူတိုင်းရင်းသား ဦးကျရှောအားလည်းကောင်းပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။


ဆက်လက်၍နယ်မြေခံတပ်နယ်မှ ဒုဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူတို့က ကျွန်းပျိုးပင်(၂၅၀)ပင်၊ ပျဥ်းကတိုးပျိုးပင်(၈၀)ပင်၊ ပိတောက်ပျိုးပင်(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ မယ်ဇလီပျိုးပင်(၅၀)ပင်နှင့် စိန်ပန်းနီပျိုးပင်(၂၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်တို့ကို သတ်မှတ်နေရာများတွင်စိုက်ပျိုးခဲ့ကြပြီး မြို့သစ်တော ဦးစီးဌာနမှ နံနက်စာအဖြစ် လ္ဘက်ရည်၊ မုန့်များ​ဖြင့် ဧည့်ခံပေးခဲ့သည်။


သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သဘာဝတောများကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန်နှင့် မြေအောက်ရေခမ်းခြောက်မှုမှ ကာကွယ်ရန်စသည်တို့ကို ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သီတာအေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)