ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်



ပေါင်၊ ဇွန်  ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို အမက ဘူတာကျောင်း၌ ဇွန်လ (၂၇)  ရက်နေ့ နံနက် ( ၉ )နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ  ဦးအောင်မျိုးဦးက ကျောင်းသား၊ကျောင်းသူများအနေဖြင့်  အစားအသောက်များကို စနစ်တကျ စားသောက်ကြရန်၊ငရုတ်ဆီ နှင့် ခေါက်ဆွဲခြောက်များအပြင် ၊အသင့်စားအသားလုံးကြော်များ ၊ဆိုးဆေးပါသောအစားအစာများ၊ အွန်လိုင်းပေါ်တွင်ရောင်းချနေသော အသားဖြူလိမ်း‌ဆေးများ၊ ပိန်ဆေးများ  သုံးစွဲပါက ကုန်ညွှန်းအမှတ်အသားပါ/မပါ စီစစ်ခြင်း၊ကားစီးရာတွင် လည်းသတ်မှတ်ထားသည်ထက် ပို၍ တိုးမြှင့်ကောက်ခံခြင်းကို    စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍  ကျောင်းသား၊ကျောင်းသူ များကသိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးသူဦးစီးဌာန မှတာဝန်ခံကပြန်လည်ဖြေ ကြားပေးခဲ့ပြီး အမက ဘူတာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ် က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)