မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ


မိုးညှင်း၊ ဇွန် ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းတွင် မိုးညှင်းခရိုင်အတွင်းရှိ Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိရာ Grade-10 နှင့် Grade-11 တွင် ပညာသင်ကြားနေသည့် စက်မှုနည်းပညာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၁၇)ဦး၊ စိုက်ပျိုးရေးပညာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးနှင့် မွေးမြူရေးပညာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၅၄)ဦးကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနည်းပြ (၁၃)ဦးနှင့် ဘာသာရပ်သင် ဆရာ/ဆရာမ (၂၅)ဦးတို့က စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ထိုကျောင်းသို့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်သင်ကြားသည့် ကျောင်းပေါင်း (၅၁)ကျောင်း ဖွင့်လှစ်လျက်ရှိရာ ကချင်ပြည်နယ်တွင် (၃)ကျောင်းဖွင့်လှစ်လျက်ရှိပြီး မိုးညှင်းခရိုင်အတွင်း၌ မိုးညှင်းမြို့ အ.ထ.က(၂)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


ရွှေမိုးညှင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)