အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာသိပ္ပံ (မော်လမြိုင်) တို့ ပူးပေါင်း၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာသိပ္ပံ (မော်လမြိုင်) တို့ ပူးပေါင်း၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ


မော်လမြိုင်၊ ဇွန် ၁၅

“လူငယ်နှင့် ဖြောင့်မတ် တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မော်လမြိုင်)မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက်အောင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

စကားဝိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက လူငယ်များအနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုဆိုသည် မိမိကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်း၊ ပတ်ဝန်းကျင်ကဖြစ်စေ၊ နိုင်ငံတော်ကဖြစ်စေ ချမှတ်ထားသည့် မှန်ကန်သော ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို မြဲမြံစွာလိုက်နာ စောင့်ထိန်းရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရန် လူငယ်များ၏ ပညာရေး ကဏ္ဍဖြစ်သည့် စာသင်ကျောင်းများမှစတင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကိုကျင်းပပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်) မှ ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည် ဖြေကြားကြသည်။

ထို့နောက် အစိုးရနည်းပညာ အထက်တန်းကျောင်း (မော်လမြိုင်) မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက်အောင်က ကျေးဇူးတင်စကားပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)