ဂျိုးဘိုင်ဒင် သည် အမေရိကန်သမိုင်းတွင် အဆိုးဆုံးသမ္မတဖြစ်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျိုးဘိုင်ဒင် သည် အမေရိကန်သမိုင်းတွင် အဆိုးဆုံးသမ္မတဖြစ်ဟုဆို


စကားစစ်ထိုးပွဲတွင် အနိုင်ရခဲ့သည့် ဒေါ်နယ်ထရမ့် က ဂျိုးဘိုင်ဒန်သည် အမေရိကန်သမိုင်းတွင် အဆိုးဆုံးသမ္မတအဖြစ် သူ၏ Telegram Channel မှ ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့် ၏ Telegram Channel မှ ရေးသားဖော်ပြထားရာတွင် "လွန်ခဲ့သည့် ကြာသပတေးနေ့ညသည် ဘိုင်ဒင်အတွက်သာမကဘဲ အစွန်းရောက်လက်ဝဲဒီမိုကရက်တစ်ပါတီနှင့် ကျွန်ုပ်တို့နိုင်ငံ ပျက်ဆီးနေချိန်တွင် အမေရိကန်ပြည်သူများကို လိမ်ညာပြောဆိုနေသည့် သတင်းအတု သတင်းမီဒီယာလောကတစ်ခုလုံးအတွက် ရှုံးနိမ့်ခဲ့ကြောင်း၊  ဂျိုးဘိုင်ဒင် သည် ကျွန်တော်တို့၏ နယ်စပ်တံခါးများကို ဖွင့်ပေးခဲ့ပြီး ငွေကြေးဖောင်းပွမှု၊ ရာဇဝတ်မှုများ၊ စစ်ပွဲအသစ်နှစ်ခု၊ အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်၍ အရှက်ရစေကာ နိုင်ငံတကာတွင် အရှက်တရားတစ်ခုပြီးတစ်ခု ပေးအပ်ခဲ့ကြောင်း ပြောဆိုထားသည်။

Biden သည် ကျွန်ုပ်တို့နိုင်ငံသမိုင်းတွင် အဆိုးဆုံးသမ္မတဖြစ်ခဲ့ကြောင်း၊ အမေရိကန်သည် ပြန်လည်အားကောင်းလာမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ရေးသားပြောဆိုထားသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)