ပေါင်မြိုနယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး (၁၃၂၆၉၄) ဧကစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြိုနယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး (၁၃၂၆၉၄) ဧကစိုက်ပျိုးမည်



ပေါင်၊ ဇွန် ၃၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး( ၁၃၂၆၉၄ ) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

ပေါင်မြို့နယ်မှာ အရင်နှစ်က မိုးစပါးဧက(  ၁၃၂၆၉၄ )ဧကစိုက်ပျိုးရန်လျာထားပြီး  လျာထားချက်အတိုင်း  စိုက်ပျိုးနိုင်ခဲ့ပါတယ်။တစ်ဧကပျမ်းမျှ(၆၅)ဒသမ( ၁၂ )တင်းထွက်ရှိပါတယ်။ဒီနှစ် မိုးစပါး( ၁၃၂၆၉၄ )ဧကလျာထားပြီး တစ်နှစ်ထက်တစ်နှစ်စိုက်ပျိုးမှုတိုးလာအောင် စိုက်နည်းစနစ်မှန်ကန်ဖို့၊အချိန်မီ စိုက်ပျိုးနိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုးဦးကျော်စွာလှိုင်ကပြောသည်။

အဆိုပါမိုးစပါးစိုက်ပျိုးသည့် တောင်သူများအားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်ရရှိရေး၊အချိန်မီစိုက်ပျိုးနိုင်ရေး၊သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေးစသည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပေါင်မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီ၌ဒေသရာသီဥတုနှင့်ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးကြကြောင်း၊လယ်ယာမြေများမိုးကောင်းသော အရပ်ဖြစ်သော်လည်းမိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန် ချောင်းရေ၊မြေအောက်ရေတင်ပြီးပျိုးထောင်ခြင်း၊မြေယာပြုပြင်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)