နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်










နေပြည်တော်၊ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။       


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဂျပန်တံတားတည်ဆောက်ရေး အင်ဂျင် နီယာအဖွဲ့ Nippon Koei ကုမ္ပဏီမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်  အခမ်းအနားပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ဖွင့်ပွဲ အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃) တည်ဆောက်ခြင်း Documentary Movie ကို ဖွင့်လှစ်တင်ပြသည်။ ထို့နောက် တံတားတည်ဆောက်ခြင်း ဆိုင်ရာ စာရွက်စာတမ်းများကို ဂျပန်တံတားတည်ဆောက်ရေးအင်ဂျင်နီယာအဖွဲ့ Nippon Koei ကုမ္ပဏီ မှ Mr. Togo က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကောင်းချို ထံသို့ လွှဲပြောင်းပေးအပ်သည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံသို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်လှစ်ခြင်းအထိမ်းအမှတ် လက်ဆောင် ကို ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ဂါရဝပြုပေးအပ်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူး မြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် အမှာ စကားပြောကြားရာတွင် ယနေ့သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝပိုမိုမြင့်မား လာစေရေးအတွက် အရေးပါသည့် ပဲခူးမြစ်ကူးတံတား(သံလျင်တံတား အမှတ်-၃)ကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့ဖြစ်သကဲ့ သို့ မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး အတွက်သာမကဘဲ မြန်မာပြည်သူများအားလုံးအတွက်ပါ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့တစ်နေ့ဖြစ်ကြောင်း။


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထား သည့် အရှည် ၈,၆၃၈(ရှစ်ထောင့်ခြောက်ရာသုံးဆယ့်ရှစ်) ပေရှိသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) လေးလမ်းသွား တံတားသစ်ကြီးကို ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ သက်သာသည့်ချေးငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတံတားကို အခြားတံတားဒီဇိုင်းများနှင့် မတူစေဘဲ ရန်ကုန်မြို့၏အထင်ကရအမှတ်အသား(Landmark) ဖြစ်စေရန်အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)ဖြင့် ခိုင်ခံ့လှပထည်ဝါစွာ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။


ယခုတံတားကြီးတည်ဆောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ် များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်များအရ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံ တော်မှ ကျပ် ၄၆ ဘီလီယံကျော်ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တံတားကြီးကိုအောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ ပြီဖြစ်ကြောင်း။


မိမိတို့နိုင်ငံတစ်ဝန်းတွင် အေးအတူပူအမျှလက်တွဲပြီး မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာရေးအတွက် ပထဝီအနေ အထားအရ သဘာဝအတားအဆီးဖြစ်သည့်နေရာများတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း များကို နိုင်ငံတော်အနေဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မြို့ပြဒေသများ သာမက ဝေးလံခေါင်ပါးသည့်နယ်စပ်ဒေသများပါမကျန်အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းများအဆင့်မြှင့်တင်ပေးခြင်း၊ လမ်းကွန်ရက်များတိုးချဲ့ခြင်းတို့ကို အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း။


ရန်ကုန်မြို့သည်  မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မြို့တော်ကြီးတစ်မြို့ဖြစ်သကဲ့သို့ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ လူဦးရေတိုးပွားလာမှုတို့ကြောင့် တစ်နေ့တာ သွားလာသည့်ယာဉ်အစီးရေသည်လည်း သိသိသာသာ တိုးမြင့်လာသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်‌ကြော သွားလာမှုစနစ်တကျဖြစ်စေရေးအတွက် ခုံးကျော်တံတားများ  တည် ဆောက်ခြင်းနှင့်လေးလမ်းသွား မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကြောင့် လက်ရှိဖြစ်ပေါ် နေသည့် ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်လာမည် ဖြစ်သည့်အတွက် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားများ ဖြစ်ပေါ်လာစေရန် မပြတ်သောသတိ၊ မလျော့သော ဝီရိယများနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍ များတွင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဟူသည့်အကြောင်းကိုလည်း ပြော ကြားလိုကြောင်း။


ယခုအခါ ပဲခူးမြစ်ကူးတံတား ( သန်လျင်တံတားအမှတ်- ၃ ) လေးလမ်းသွား တံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် သန်လျင်တံတားအမှတ်(၁)တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည်ဖြစ်သည့် အပြင် သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ် များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝတိုးတက်လာမည် ဖြစ်ကြောင်း၊ နောင်အခါတွင် အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့-မြဝတီမြို့အထိ ဆက်စပ်သွားလာနိုင်တော့မည် ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုး ပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း။


ယခုကဲ့သို့လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့်အတူ သီလဝါအထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး နှင့်ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတွင်းဖူလုံမှု မှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဟူသည့် အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူများစွာ ပြုစေမည်ဖြစ် ကြောင်း။


ယခုတံတားကြီးတည်ဆောက်ပြီးစီးခြင်းနှင့်အတူ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝသာမကအလုပ်အကိုင်အခွင့်အလမ်းများပွင့်လန်းလာပြီး ခရီးသွားပြည်သူများလွယ်ကူ လျင်မြန်စွာဖြတ်သန်းသွားလာနိုင်ပြီဖြစ်သောကြောင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် တာဝန်ရှိသူများက ကြံ့ခိုင်ရေးကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်းတိကျစွာလိုက်နာပြီး ရေရှည်ကိုမျှော်မှန်းကာ ဆောင်ရွက်ကြရန်လိုသကဲ့သို့ ဒေသခံများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေး ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တံတားတည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် တည်ဆောက်ရေးအင်ဂျင်နီယာအဖွဲ့အား သစ်သီးခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)အား ဖဲကြိုးဖြတ်ဖွင့် လှစ်မည့်နေရာသို့ ရောက်ရှိကြပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့် လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေး နံ့သာရည်များ ပက်ဖြန်းပေးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ကမ္ပည်းမော်ကွန်း ကြေးပြားဖွင့်လှစ်မည့် တံတားအလယ်တိုင် (Pylon)သို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်း ကြေးပြားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့်တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်း ကြေးပြားကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)အား ဖြတ်သန်းကြည့်ရှု ၍ တည်ဆောက်ပြီးစီးမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။ 


အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်း ကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာ နိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွား တံတားဖြစ်ပြီး တစ်ဘက်လျှင် Safe Zone ၅ ပေစီပါရှိကြောင်း၊ တံတား၏ ရေလမ်း ကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း။


ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ကို အောင်မြင်စွာ တည် ဆောက်ပြီးစီးခဲ့သည့်အတွက်  သံလျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ် ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန် မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊  သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည် ဖြစ်ပါသောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြု မည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်ထားသည့်တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင် နီယာများအနေဖြင့် တံတားတည်ဆောက်ခြင်း ခေတ်မီနည်းပညာနှင့်အတွေ့အကြုံများ ရရှိခဲ့ပြီး ကျွမ်းကျင်လုပ်သားများလည်းပေါ်ထွက်လာခဲ့ကြောင်းနှင့် အလုပ်အကိုင် အခွင့် အလမ်းများလည်း ပိုမိုရရှိစေခဲ့သည့်အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)