မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



နေပြည်တော်၊ ဇွန် ၁၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇွန်လ ၈ ရက်နေ့ ၀၈၂၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မော်လမြိုင်လမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မလှလှဌေး(ခ)မဌေး၊ မဝင်းပပထွန်း(ခ)အိသူ နှင့် မချိုချို(ခ)မချို တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထုတ်ယူသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ၀၉ ၄၅ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကောင်းထက်(ခ)အစီပိတ် အား မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၁၃၀ အချိန် အောင်ဆန်းမြင့်(ခ)ကိုဇော် အား သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ပိတောက်လမ်းရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ ယင်းနေ့ ၀၉ ၀၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မော်လမြိုင်လမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ရှိုင်းထက်ဇော် အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် ခြင်းတောင်းများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၄၀၅ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မဥမ္မာသိန်း အား အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်မြို့မဈေးရှေ့တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် စပ်လျဉ်း၍ မလှလှဌေး(ခ)မဌေး(၅၄)နှစ်၊ မဝင်းပပထွန်း(ခ)အိသူ(၃၅)နှစ်၊ မချိုချို(ခ)မချို(၆၁)နှစ်၊ ကောင်းထက်(ခ)အစီပိတ်(၂၆)နှစ်၊ အောင်ဆန်းမြင့်(ခ)ကိုဇော်(၃၉)နှစ်၊ ရှိုင်းထက်ဇော်(၃၀)နှစ် နှင့် မဥမ္မာသိန်း(၄၆)နှစ်တို့အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)