ဒဂုံ၊ ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အိမ်တော်ရာ မဟာဓမ္မရံသီ စေတီတော်မြတ်ကြီး၌ ယမန်နေ့ ညနေ (၅)နာရီအချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဒဂုံမြို့နယ်၊ မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဓမ္မရံသီ ဆရာတော်ထံမှ (၅)ပါးသီလ ခံယူ ဆောက်တည်ခဲ့ကြခြင်း၊ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ဆရာတော်ဘုရားမှ ရွတ်ဖတ်ပူဇော်ခြင်း၊ ဒေဝါနိ မန္တနဂါထာတော်ဖြင့် နတ်ဗြဟ္မာများကို ပင့်ဖိတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းတိုက်တွန်းနိူးဆော်လွှာအား ရွတ်ဖတ်ပူဇော်ခြင်း၊ ပစ္စယုဒ္ဒေသပါဠိကို သံဃာတော်များက (၃)ကြိမ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် အလှည့်ကျသံဃာတော်များမှ စတင်၍ ပဋ္ဌာန်းဒေသနာ တော်ကို (၃၁.၅.၂၀၂၄) ရက်နေ့မှ (၅.၆.၂၀၂၄)ရက်နေ့အထိ (၆)ရက်တာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment