ဗိုလ်တထောင်မြို့နယ် အ.ထ.က(၁)ကျောင်း၌ ရှေးဦးပြုစုနည်းပညာ(အခြေခံ) အဆင့်သင်တန်း အမှတ်စဉ်၁/၂၀၂၄ ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်တထောင်မြို့နယ် အ.ထ.က(၁)ကျောင်း၌ ရှေးဦးပြုစုနည်းပညာ(အခြေခံ) အဆင့်သင်တန်း အမှတ်စဉ်၁/၂၀၂၄ ဖွင့်လှစ်





ဗိုလ်တထောင်  ၊  ဇွန်  ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗိုလ်တထောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုနည်းပညာ (အခြေခံအဆင့်) သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို ဇွန်လ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၉ ရက်နေ့ ၃ရက်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။


ထိုသင်တန်းတွင် ဘာသာရပ် ၁၂ ခုဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး ၎င်းဘာသာရပ်များမှာ ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုတ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာကိုင်သွယ်ခြင်း၊ သယ်ဆောင်နည်းများနှင့် အခြေခံအသက်ကယ်အထောက်အကူပြုနည်း ဘာသာရပ်များဖြစ်ပြီး သင်ကြားပို့ချပေးမည့် နည်းပြများမှာ ဦးအောင်မိုးထွန်း ဦးစီးမှူး ဒုတိယတန်း(လေ့ကျင့်) တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဦးသက်ဦးခရိုင်တပ်ဖွဲ့မှူး(တာဝန်ခံ)၊ ဦးထက်နိုင် ဒု-ခရိုင်တပ်ဖွဲ့မှူး (တာဝန်ခံ)၊ ဒေါ်ခင်သန်းစိုး မြို့နယ်တပ်ဖွဲ့မှူး (တာဝန်ခံ)၊ ဦးရန်ပိုင် ဒု-မြို့နယ်တပ်ဖွဲ့မှူး(တာဝန်ခံ)၊ ဦးရဲနောင်နောင် ဒု-မြို့နယ်တပ်ဖွဲ့မှူး (တာဝန်ခံ)၊ ဦးအေးမင်းလတ် ဒုတိယတပ်ဖွဲ့မှူး၊ ဦးကျော်ဇင်လတ် တပ်စုမှူးတို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားများမှာ အ.ထ.က (၁)ကျောင်းမှ Grade– 8၊ Grade– 9၊ Grade – 10 နှင့်Grade – 11 ကျောင်းသား ကျောင်းသူများဖြစ်ပြီး သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)