တပ်မတော်သားဇနီးတစ်ဦးအားFDG Bank ဝန်းထမ်းများမှ SP ပြုလုပ်ခြင်းကြောင့်FDB Bank မှ ဝန်ထမ်းအဖြစ်နစ်နာသူမှနှုတ်ထွက်ခဲ့ရခြင်းအပေါ် တိုင်ကြားခြင်းကိစ္စ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သားဇနီးတစ်ဦးအားFDG Bank ဝန်းထမ်းများမှ SP ပြုလုပ်ခြင်းကြောင့်FDB Bank မှ ဝန်ထမ်းအဖြစ်နစ်နာသူမှနှုတ်ထွက်ခဲ့ရခြင်းအပေါ် တိုင်ကြားခြင်းကိစ္စ












(Viber Groupများတွင် တပ်မတော်မိသားစုဝင်တစ်ဦးအား စော်ကားရေးသားထားကြသော သက်သေများနှင့်တပ်မတော်အားစော်ကားထားသော FDB Bank ဝန်ထမ်းများရေးသား ပြောဆိုမှုများ။)

(၁)  အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ကျွန်မဒေါ်-  (အဘ)ဦး -  ၊ မှ လေးစားစွာဖြင့် အသနားခံတိုင်ကြားအပ်ပါသည်။

(၂)  ကျွန်မ၏ခင်ပွန်းမှာအမှတ် (    )ခြေမြန်တပ်မဌာနချုပ်တွင် စစ်ဦးစီးဒုတိယတန်း (ရေး/ထောက်) တာဝန်ထမ်းဆောင်နေသော ပြန်တမ်းဝင်အမှတ် ကြည်း-၄၄၀--- ဗိုလ်မှူး.......ဖြစ်ပါတယ်။

(၃)   ကျွန်မသည် FDB Bank ချေးငွေဌာနသို(၁.၆.၂၀၂၀)ရက်နေ့တွင် မန်နေဂျာရာထူးဖြင့်စတင်ဝင်ရောက်ခဲ့ပါ သည်။ အလုပ် စတင်ဝင်ရောက်သည့်အချိန်မှ စ၍ ပေးအပ်သောတာဝန်များကို ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။

(၄)   (၁.၂.၂၀၂၁)ရက်နေ့မှစ၍နိုင်ငံရေး ပဋိပက္ခကာလအတွင်း နည်းလမ်းပေါင်းစုံဖြင့် လုပ်ငန်းဌာနတွင်းပြောဆိုတိုက်ခိုက် မှုများအကြား ကြိုးစားစွာခက်ခဲကျော်ဖြတ်ခဲ့ရပါသည်။

လုပ်ငန်းဌာနအတွင်း Group Chart များတွင် တပ်မ‌တော်အပါအဝင်တပ်မတော်မိသားစုဝင်များအား နစ်နာစေသောစကားလုံးများဖြင့်နေ့စဉ်ပြောဆိုခြင်း၊ခြိမ်းခြောက်ခြင်း၊ပြင်ပတွင်လည်း အုပ်စုဖွဲကာ ပြောဆို ခြင်းများ အားနေ့စဉ် ရက်ဆက်ဖြစ်လာခြင်းကြောင့် လုပ်ငန်းခွင်သိုသွားရောက်ရန်ကိုပ င်ကြောက်လန့်လာသည်အထိ စိတ်ကျ ရောဂါခံစား ခဲ့ရပါသည်။

(၅)  ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်မှု ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် ဌာနအတွင်း ပိုမိုဆိုးရွားလာကာ တပ်မတော်နှင့်ပတ်သတ်သော မိသားစုများအားပတ်သတ်လိုခြင်းမရှိခြင်းစသည့်ပြောဆိုများပြုလုပ်ခဲ့ ခြင်း၊ 

ကြောင့် ထိုကဲ့သိုမပြောဆိုရန်ပြောကြားလိုက်သောကြောင့်မိမိအောက်မှဝန်ထမ်း များမှပါပြော

ဆိုဆက်ဆံခြင်းမပြုတော့သည့်အပြင် တနေ့ထပ်တနေ့ပိုမို ဆိုးရွားလာပါသောကြောင့် (၁၅.၅.၂၀၂၄)ရက်နေ့တွင်နှုတ်ထွက်စာတင်ခဲ့ရပါသည်။ 

(၆)  နှုတ်ထွက်စာ၌ အကျိုးအကြောင်းပြည့်စုံစွာတင်ပြခဲ့ပါသော်လည်း သက်ဆိုင်ရာဌာနအသီးသီးတိုသည်မေးမြန်းဖြေရှင်းပေးခြင်းမရှိပါသဖြင့် မကျေနပ်လျှင်ကိုယ့်ဖာသာထွက်ဟုပြောခဲ့ပြီး တပ်မတော်သားမိသားစုဝင် အား အလိုမရှိသည့် ပုံစံမှာ ပိုမိုပေါ်လွင်အောင်ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသဖြင့် FDB Bank မှ တာဝန်ရှိသူများအား လိုအပ်သလိုအရေးယူမှုပြုလုပ်နိုင်ရန်အသနားခံတိုင်ကြားအပ်ပါသည်။‌  

                                               

ရုံးလိပ်စာ-FDB Bank

-  Time City Office Tower (3) 22nd floor, Yangon.


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)