ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား စော်ကားမှုများ လုပ်ဆောင်နေသော NLD ပါတီမှ ပေါ်ပေါက်လာသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား စော်ကားမှုများ လုပ်ဆောင်နေသော NLD ပါတီမှ ပေါ်ပေါက်လာသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

 


ရက်စွဲ ။ ။ ၂၀-၆-၂၀၂၄

မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် NLD ပါတီ ဦးဆောင်သူများသည် CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့များဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက် မပြတ် ကျူးလွန်ခဲ့ကြသည်။ (၁၉-၆-၂၀၂၄) ရက်နေ့က PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ အပါအဝင် PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာတော် (၉၂)ပါး အထိ ရှိခဲ့ပြီး သံဃာတော်(၆၂)ပါး ထိခိုက်ဒဏ်ရာရ၊ (၄၂)ပါး ပျောက်ဆုံးလျှက်ရှိပါသည်။

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြသည့် CRPH, NUG, PDF အကြမ်းဖက်သမားများ၊ ပြည်ဖျက်မီဒီယာများသည် တိုင်းဖျက် ပြည်ဖျက် လုပ်ရုံမျှမက သာသနာဖျက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်မှာ NLD အာဏာရှိစဉ်အချိန်မှစ၍ ယနေ့တိုင်အောင် အစဉ်တစိုက် လုပ်ဆောင်နေခြင်းပင် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရက ထေကြီး၊ ဝါကြီး နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများအား အဆောင်အယောင်အဖြစ် မော်တော် ယာဉ်များ လှူဒါန်းဆက်ကပ်သည်ကိုပင် CRPH, NUG, PDF တို့နှင့် ပူးပေါင်း၍ ဆူပူအကြမ်းဖက်လှုံ့ဆော်နေသည့် ပြည်ဖျက် မီဒီယာများက မဖွယ်မရာ ရေးသားဖော်ပြမှုများဖြင့် ဗုဒ္ဓဘာသာဝင် ပြည်သူများ စိတ်နှလုံးညှိုးနွမ်းစေရန် ဖန်တီး လုပ်ဆောင်ခဲ့ ကြပါသည်။

NLD ပါတီမှ ပေါ်ပေါက်လာသော အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာမှုများအပေါ် ရဟန်းရှင်လူပြည်သူများက မည်သို့ မျှ သည်းခံနိုင်စွမ်း မရှိတော့သဖြင့် အနယ်နယ်မှ ရဟန်းရှင်လူပြည်သူများက အကြမ်းဖက်အဖွဲ့များကို ထိရောက်ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပြီး ဖြစ်ပါသည်။

ယခုကဲ့သို့ ဆရာတော်သံဃာတော်များ ဆုံးရှုံးရခြင်းသည် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအတွက် အစားထိုး မရသော ဆုံးရှုံးမှုများပင်ဖြစ်ပါသည်။ နိုင်ငံတော်တာဝန်ရှိသူများအနေဖြင့် ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ CRPH, NUG, PDF နှင့် အပေါင်းအပါများက တိုင်းဖျက် ပြည်ဖျက် လုပ်ရုံမျှမက ဘာသာ သာသနာကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား စော်ကား နေမှုများအပေါ် အထူးအလေးထား ဆင်ခြင်သုံးသပ်၍ ထပ်မံပြီး အစားထိုးမရသော နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရလေအောင် အကြမ်းဖက်နှိမ်နင်းရေးကို ပိုမိုထိရောက်သော နည်းလမ်းများဖြင့် ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်ပြီး ရဟန်းရှင်လူ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုပေးနိုင်ပါရန် တိုက်တွန်း တောင်းဆိုကြောင်း သဘောထား ထုတ်ပြန် ကြေညာလိုက်သည်။


Myanmar National Network

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)