ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ စက်မှုဇုန်အလုပ်သမားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ စက်မှုဇုန်အလုပ်သမားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေး


ဒဂုံတောင်၊ ဇွန် ၃၀

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးထိုးနှံခြင်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် မြို့နယ်ဆေးရုံ၌ ထိုးနှံပေးခြင်းအပြင် စက်မှုဇုန်များတွင်လည်း ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ ၂၈-၆-၂၀၂၄ ရက်နေ့က ရွာသာကြီးစက်မှုဇုန်တွင် အသက်(၁၈)နှစ်အထက်၊ (၆၀) နှစ်နှင့်အထက်စက်ရုံ၊ အလုပ်ရုံအလုပ်သမားများနှင့် ဒေသခံပြည်သူ (၇၀၇) ဦးအား မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးဦးဆောင်ကာ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine ထိုးနှံပေးခြင်း၊ အသိပညာ‌ပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။


သန်းသန်းအေး

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)