ဂန့်ဂေါမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး (Albendazole) များ တိုက်ကျွေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး (Albendazole) များ တိုက်ကျွေးပေး



ဂန့်ဂေါ  ၊  ဇွန်  ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်သည့် Vitamin A နှင့် သန်ချဆေး (Albendazole)များ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှ စတင်၍ စုရပ်ဖြစ်သည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများတိုက်ကျွေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်(၆)လမှ(၁၁)လကြား ကလေးငယ်များကို Vitamin A (၁)သိန်းအား၊  အသက်(၂)နှစ်မှ (၅)နှစ်ကြား ကလေးငယ်များကို Vitamin A (၂)သိန်းအားနှင့် သန်ချဆေး(Albendazole)များတိုက်ကျွေးကာ အသက်(၆)လအောက်ကလေးငယ်များအတွက် မိခင်ကို Vitamin A (၂)သိန်းအားများ တိုက်ကျွေးခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြသည်။    

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမတိုက်ကျွေးရသေးသည့် ကလေးငယ်များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ဇွန်လ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ ကာကွယ်ဆေးများ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)