ခမီလူမျိုး အပြစ်မဲ့ ပြည်သူ ၇ဦး ကို AA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဆက်သွယ်ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခမီလူမျိုး အပြစ်မဲ့ ပြည်သူ ၇ဦး ကို AA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဆက်သွယ်ပြောဆို


ဘူးသီးတောင်၊ ဇူလိုင် ၂၂

AA အကြမ်းဖက်အဖွဲ့က ၂၁-၇-၂၀၂၄ ရက်စွဲဖြင့် ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များမှ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြိုနယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်သည်ဟု ထုတ်ပြန်ထားသော သတင်းမှာ သတင်းမှားဖြစ်ပြီး ခမီလူမျိုး ၇ဦးကို သတ်ဖြတ်သူများမှာ AA အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ကြောင်း ခမီလူမျိုး လူမှုရေးအဖွဲ့ဝင်တစ်ဦးက ဆက်သွယ်ပြောဆိုသည်။

AA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြိုနယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး (၇) ဦးတိုသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် မျှစ်သွားချိုးရန် ထွက်သွားကြကြောင်း၊ အဆိုပါ (၇) ယောက်အုပ်စုသည် (၂၄) နာရီ (သိုမဟုတ်) တစ်ရက်ကြာမြင့်သည်အထိ ၎င်းတို၏ နေအိမ်များအသီးသီးသို ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ၎င်းတို၏ မိသားစုဝင်များမှ အာရက္ခတပ်တော်အား သတင်းပိုလာသဖြင့် မိမိတိုလုံခြုံရေးတပ်ဖွဲဝင်များနှင့် ဂန္ဓာရီရွာသားများစုပေါင်းပြီး ၎င်းတိုသွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြကြောင်း၊ ဘူးသီးတောင်မြိုနယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို (၃) ဦး၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုအတူ အခြားသော (၄) ယောက် ဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တိုကိုလည်း  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ နေ့လယ် (၁) နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြိုနယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ခမီလူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးက "AA အကြမ်းဖက်အဖွဲ့က ဒေသခံ ခမီလူမျိုးတွေကို သူတို့သတ်ဖြတ်ပြီး စကစ လက်အောက်ခံ မွတ်ဆလင်တွေက သတ်ဖြတ်တယ်လို့ဝါဒဖြန့်နေခြင်းဖြစ်ပါတယ်" ဟု ဆက်သွယ်ပြောဆိုသည်။

AA အကြမ်းဖက်အဖွဲ့သည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လျှက်ရှိပြီး လူမျိုးရေး ပဋိပက္ခများဖန်တီးကာ ၎င်းတို့ကျူးလွန်သည့် လုပ်ရပ်များကို အခြားအဖွဲ့အစည်းများက ကျူးလွန်သယောင် လုပ်ကြံသတင်းများထုတ်ပြန်နေခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)