ကြံခင်း၊ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်သော မြစ်ရေမြှင့် တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရိက္ခာပစ္စည်းထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းပွဲနှင့် ပြန်လည် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းနားတွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရေဘေးသင်ပြည်သူများအား ကူညီထောက်ပံ့ရခြင်းသည် ညောင်စေ့လောက်လှူဒါန်းပေမဲ့ ညောင်ပင်ကြီး လောက်ရရှိနိုင်သည့် မြတ်သောကုသိုလ်ပင်ဖြစ်ပါကြောင်း၊ ယခုလို သဘာဝဘေးကျရောက်နေချိန်တွင် လှူဒါန်းတဲ့ကြသော အလှူရှင်များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး စေတနာရှင် အလှူ ရှင်များက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းသည့် ဆန် (၃၅)အိတ်၊ ခေါက်ဆွဲခြောက်(၂၅၆) ထုပ်၊ ဆီ (၂၀၀)ပိသာ၊ ကြက်ဥ (၅)ကဒ်၊ ရေသန့်ဘူး(၁၀) ကဒ်နှင့် ထောက်ပံ့ပေးငွေသား ၁၃၅ဝဝဝဝ/ (တစ်ဆယ့်သုံးသိန်းငါးသောင်း)ကို အလှူရှင်များက ထောက်ပံ့လှူဒါန်းခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များကလက်ခံခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ရေဘေးသင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်ယာယီရေဘေးရှောင်စခန်း တာဝန်ခံများသို့ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ၎င်းအခမ်းအနားသို့ ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်သည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ တာဝန်ရှိသူများနှင့်အတူ အောင်မြင်ကိုင်းရေတံခါး အားလည်းကောင်း၊ မကျီးပင်ကွင်းဒေါင့်ရွာအတွင်းရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနိူင်းဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်ကိုင်းကျေးရွာ ရေဘေးသင့် အိမ်ထောင်စုများအား ဆန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment