ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲက ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲက ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့




ပွင့်ဖြူ၊ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ထူးကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ကျွန်းကလေးကျေးရွာနှင့် ရေချမ်းစင်ကျေးရွာနှင့် မြင်းခြံစုကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက သောက်ရေသန့်နှင့် ဓာတ်ဆားထုပ် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရေဘေးသင့် ကျေးရွာ(၅)ရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၇၄၂ စုအတွက် သောက်သုံးရေ အဆင်ပြေစေရန်နှင့် ကျန်းမာစွာနေထိုင်နိုင်ရန် ကျေးရွာတစ်ရွာလျှင် (၁)လီတာ သောက်ရေသန့်ဘူး (၃၇၁၀)ဘူးနှင့်  ဓာတ်ဆားထုပ် (၅၀)စီတို့ကို သောက်သုံးရေ  အဆင်ပြေစေရန် စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


လှိုင်ဝင်းလေး ( ပွင့်‌ဖြူမြေ )

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)