နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နောင်နန်း(၈)မိုင် AG အသင်းတော်၌ ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာစခန်းသို့ သွားရောက်အားပေးစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နောင်နန်း(၈)မိုင် AG အသင်းတော်၌ ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာစခန်းသို့ သွားရောက်အားပေးစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

 



မြစ်ကြီးနား၊ ဇူလိုင် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မြစ်ကြီးနားမြို့ နောင်နန်း(၈)မိုင် AG အသင်းတော် ၌ ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာစခန်းသို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲက လှူဒါန်းသည့် ကျား/မ ရှပ်အင်္ကျီများ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သည့် ငွေကျပ် ၉၄၃၀၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၅၀၊ ငါးသေတ္တာလေးဖာ၊ ခေါက်ဆွဲ ခြောက် ၂၄၃ ဖာ၊ ဆီ ၁၀ ပိဿာပုံး ၂၀ နှင့် ရေသန့်ဘူးများ စသည့် အခြေခံစားသောက်ကုန်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ငွေကျပ် ၂၇၆၈၉၀၀ဝ တန်ဖိုးရှိ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ စသည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ဘေးသင့်ပြည်သူများအား နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်မှုများ၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရန်များနှင့် စခန်းနေသူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော မေလနှင့် ဇွန်လက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့သို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု ၂၅၃၇ စုမှ လူဦးရေ ၁၂၄၂၇ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၅၂၁၉၃၄၀ဝ ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြေနိမ့်ပိုင်းနေရာ တစ်ခုဖြစ်သည့် ရမ်ပူရပ်ကွက်နယ်မြေ (၁၁)အတွင်း နေအိမ်များအတွင်း မြစ်ရေဝင်ရောက်ခဲ့မှု၊ နုန်းမြေများ တင်ကျန်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်ပေါ်ပေါက်ပါက ပြည်သူများ အမြန်ဆုံးဘေးလွတ်ရာသို့ ဖယ်ရှားနိုင်ရေးအသိပညာပေးခြင်းနှင့် ဆွေးနွေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)