ထန်းတပင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ




ထန်းတပင်(ရန်ကုန်) ၊ ဇူလိုင်  ၂၂


လူငယ်လူရွယ်များအားကစားဆိုင်ရာ အသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ကျူတော) နှင့် အ.ထ.က(ခွဲ)အုတ်ဖိုတို့တွင် ယနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ခရိုင်လူငယ်ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်တို့က လူငယ်ရေးရာဆိုင်ရာများကိုလည်းကောင်း၊ မှော်ဘီခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာန ခရိုင်တာဝန်ခံဒေါ်လဲ့လဲ့လွင်က အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး    ဦးမင်းဆွေဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ဦးခိုင်တို့က အားကစားပစ္စည်းများအား အ.ထ.က (ကျူတော) နှင့် အ.ထ.က (ခွဲ) အုတ်ဖိုတို့မှ တာဝန်ရှိသူများနှင့် Physical Fitness dance ကိုယ်ကာယလေ့ကျင့်ခန်းကို လက်တွေ့သရုပ်ပြခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ အ.ထ.က (ကျူတော) နှင့် အ.ထ.က (ခွဲ) အုတ်ဖိုတို့မှ ကျောင်းသား၊ ကျောင်းသူ (၉၅၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)