လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



 

နေပြည်တော်၊ ဇူလိုင် ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၂ ရက်နေ့ ၁၀၁၅ အချိန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ဦးပေါ်ဦး(၄)လမ်းနေ မထက်ထက်တင်ဝင်း(ခ)ထက်ထက်တင် နှင့် ကျော်နန္ဒအောင်(ခ)ကျော်ဇင်အောင် တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၃၃၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ မကြည်(ခ)ခလာကြီး အား ၎င်းငှားရမ်းနေထိုင်သည့် သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၅၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မထက်ထက်တင်ဝင်း(ခ)ထက်ထက်တင်(၂၄)နှစ်၊ ကျော်နန္ဒအောင်(ခ)ကျော်ဇင်အောင်(၂၀)နှစ် နှင့် မကြည်(ခ)ခလာကြီး(၄၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။


https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)