ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး



ရွှေကူ၊ ဇူလိုင် ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းနှင့်လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိပြီး နေထိုင်ရန်အခက်အခဲရှိသော အိမ်ထောင်စုအချို့အား တပ်မ(၈၈)ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်သူရနှင့်တပ်မတော်သားများ၊ နယ်မြေခံတပ်မှတပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး  ရေကြီးနစ်မြုပ်၍ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီခန့်တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ(၉၃၀)စင်တီမီတာဖြစ်ပြီး  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၃ ရက် နံနက် ၁၁ နာရီခွဲအချိန်နှင့် ၁၂ နာရီအချိန်တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေသည် (၉၉၅)စင်တီမီတာထိမြင့်လျက်ရှိပြီး မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများအနေဖြင့် အမှတ်(၄)ရပ်ကွက်၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ အမှတ်(၃)ရပ်ကွက်၊ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုရားဝန်း၊ အမှတ်(၂)ရပ်ကွက်ရွှေမြင်းတင်ခန်းမတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လျက်ရှိကြသည်။

ထိုသို့ပြောင်းရွှေ့လာသော အိမ်ထောင်စုများအား တပ်မ(၈၈)ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးအောင်သူရမှ တစ်အိမ်ထောင်လျှင် ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၁၀)ထုတ် ၊ ငွေ(၁၀၀၀ဝိ/)ကျပ်တို့ကိုလည်းကောင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တပ်မတော်ဆေးတပ်ဖွဲ့မှ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)