မှော်ဘီ၊ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီ မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်အချိန်က မှော်ဘီမြောင်းတကာရှိဌာနဆိုင်ရာရုံးများ၊ကျောင်းများ၊ရပ်ကွက်
ကျေးရွာများ၊စက်ရုံများအတွင်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်း၊ရေတွင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်း၊အိမ်ပတ်ဝန်းကျင်များတွင် ထုံးဖြူးပေးခြင်း၊ သောက်သုံးရေများတွင် ရေသန့်စင်ဆေးပြား ခတ်ပေးခြင်းများကို မှော်ဘီမြို့နယ်မြောင်းတကာအတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ဈေးများ၊ ရပ်ကွက်ကျေးရွာရှိနေအိမ်များ၊ အခြေခံပညာကျောင်းများ၊စက်ရုံများအတွင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်ကျန်းမာရေးဉီးစီးဌာနမှူးဒေါက်တာစောမြထွန်းနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိဝန်ထမ်းများ၊စည်ပင်ပြည်သူ့ကျန်းမာရေးဌာနအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်သော အဖွဲ့တို့ဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost


No comments:
Post a Comment