ရှမ်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောသဘာဝအရတော့ အစိုးရကို ဘုံရန်သူအဖြစ် သဘောထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြားမှာ သူ့နယ်မြေ၊ ကိုယ့်နယ်မြေဆိုပြီး စည်းထားကြတာမျိုး ရှိပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ PNLO/PNLA အဖွဲ့က လက်နက်ခဲယမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ပါတယ်။ အဓိက အားဖြင့်တော့ ကယားပြည်နယ်အတွင်းမှာ အကြမ်းဖက်လှုပ်ရှားနေတဲ့ KNPP, KNDF, PDF အကြမ်းဖက်အဖွဲ့များထံ လက်နက်ခဲယမ်းအမြောက်အများ သယ်ယူပို့ဆောင်ပေးနေရာမှ မကြာခဏ ဖမ်းဆီးမှုတွေ ခံရပြီး KNDF, PDF အကြမ်းဖက်အဖွဲ့များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ခေါ်လာပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ရာမှ ရှမ်းပြည်တောင်ပိုင်းမှာ အကြမ်းဖက်လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့ပါတယ်။ ပအိုဝ်းဒေသခံပြည်သူတွေကို အတိဒုက္ခရောက်အောင် လုပ်လာတဲ့အတွက်ကြောင့် PNO/PNA ပအိုဝ်းပြည်သူ့စစ်များက တပ်မတော်နဲ့ ပူးပေါင်းပြီး PNLO, KNDF, PDF အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာတော့ UWSA, MNDAA, TNLA, AA အဖွဲ့တွေ ရှိနေရာမှာ MNDAA, TNLA, AA က မြောက်ပိုင်မဟာမိတ် ၃ဖွဲ့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာခဲ့ပါတယ်။ အစောပိုင်းကတော့ UWSA ရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်လည်း သူတို့မှာ လက်နက်ခဲယမ်းတွေ တောင့်တင်းနေတဲ့ အနေအထားမျိုး ရှိပါတယ်။ MNDAA, TNLA အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် လှုပ်ရှားလာရာမှာတော့ UWSA ကလည်း စစ်ရေးလှုပ်ရှားမှုတချို့ ရှိခဲ့ပါတယ်။ UWSA ရဲ့ လှုပ်ရှားမှုဟာ MNDAA, TNLA နဲ့ ပူးပေါင်းခြင်းမျိုးမဟုတ်ဘဲ ဒေသခံပြည်သူများကို ကာကွယ်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လှုပ်ရှားခဲ့တာကို တွေ့ရပါတယ်။
MNDAA, TNLA အကြမ်းဖက်အဖွဲ့များဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ မှာစတင်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်လာစဉ်ကတည်းက မလုပ်သင့်တဲ့ လုပ်ရပ်တွေကို မျက်နှာပြောင်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါတွေကတော့ လူမျိုးရေးပြဿနာ ဖန်တီးခြင်းနဲ့ ဘာသာရေးစော်ကားမှုတွေ လုပ်ဆောင်လာခြင်းပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဆိုတာကလည်း ဗုဒ္ဓဘာသာဝင်ပြည်သူအများစုနေထိုင်ရာ ပြည်နယ်ဖြစ်ပါတယ်။ အခြားသော ဘာသာများကို ကိုးကွယ်တဲ့ တိုင်းရင်းသားများလည်း ရှိပါတယ်။ ဗမာမုန်းတီးရေးလှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့သလို ရှမ်းလူမျိုးများကိုလည်း လူမျိုးရေးပြဿနာဖန်တီးမှုတွေ ရှိလာပါတယ်။ ဒေသခံ ရှမ်းပြည်သူတွေကို အဓမ္မစစ်သားစုဆောင်းတာမျိုးတွေ လုပ်ဆောင်လာတဲ့အတွက်ကြောင့် ရှမ်းလူငယ်တွေဟာ ရှမ်းလက်နက်ကိုင်အဖွဲ့များ ဖြစ်တဲ့ SSPP/SSA အဖွဲ့ထဲကို ဆက်သွယ်ဝင်ရောက်ပြီး MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေအပေါ် ကြိုတင် ကျားကန် ကာကွယ်လာကြရပါတယ်။
MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေက နယ်မြေချဲ့ထွင် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီဖြစ်တဲ့အတွက် SSPP/SSA လည်း လက်ပိုက်ကြည့်နေလို့ မရတော့ဘဲ လှုပ်ရှားမှု လုပ်ဆောင်လာရပါတယ်။ ရှမ်းရွာတွေမှာ တပ်လာစွဲထားတဲ့ TNLA အဖွဲ့ဝင်တွေကို ကိုယ့်နယ်မြေ ကိုယ်ပြန်ဖို့ စနစ်တကျ မောင်နှင်ထုတ်တာတွေ လုပ်ဆောင်လာတာကို တွေ့မြင်လာရပါတယ်။
MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို သူတို့ဘက်မှာပဲ ရှိနေပြီး အစိုးရကို ဘုံရန်သူသဖွယ် သဘောထားတိုက်ခိုက်ဖို့ ပြည်ဖျက်မီဒီယာတွေကနေ လှုံ့ဆော်တာမျိုးတွေ ရှိပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေက ဒေသခံပြည်သူများ လက်မခံနိုင်တဲ့ လူမျိုးရေး ပြဿနာဖန်တီးမှု၊ ဘာသာရေး စော်ကားမှုတွေ လုပ်ဆောင်နေတဲ့ အပေါ်မှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ လမ်းစဉ်နောက်ကို လိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့လည်း ရှိနေတာ ဖြစ်ပါတယ်။ RCSS/SSA ခေါင်းဆောင် ဦးရွက်စစ် က PDF နဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ PDF ဟာ သူခိုး၊ ဓားပြအဖွဲ့တွေ ဖြစ်လာမှာလို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲပြီး ဒေသခံပြည်သူလူထု အတိဒုက္ခရောက်စေမယ့် တိုက်ခိုက်မှုတွေကို မလုပ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းအတိုင်းသာ ဆက်သွားနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
MNDAA, TNLA အကြမ်းဖက်အဖွဲ့များသည် ဒေသခံပြည်သူလူထုအပေါ် ထောက်ထားခြင်း မရှိတဲ့ လုပ်ရပ်တွေကို အဖွဲ့အစည်းအားလုံးက သိမြင်လာကြပါတယ်။ MNDAA, TNLA တို့ကတော့ ကျောထောက်နောက်ခံ ဘက်ဂရောင်း ကောင်းကောင်းရှိနေတယ်လို့ ယူဆပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ သို့သော်လည်း နိုင်ငံရေးရာ သဘောထားဟာ ဘာမဆိုအချိန်မရွေးဖြစ်နိုင်တယ်ဆိုတာကိုတော့ MNDAA, TNLA က ကြိုတင်တွေးဆထားမိပုံ မပေါ်ပါဘူး။ ဒေသခံပြည်သူလူထုအပေါ် ယုတ်မာရက်စက်လွန်းတဲ့ သူတို့ရဲ့ လုပ်ရပ်တွေအပေါ် တဖက်နိုင်ကပါ ထောက်ပြဝေဖန် ပြောဆိုလာကြပါတယ်။
MNDAA, TNLA အကြမ်းဖက်အဖွဲ့များရဲ့ ပြည်သူလူထုကို ထောက်ထားညှာတာခြင်းမရှိတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတစ်ရပ်လုံးက ရွံမုန်းသွားကြပါပြီ။ လက်နက်ကိုင်အဖွဲ့အစည်းများကလည်း MNDAA, TNLA ကို မဟာမိတ် သဘောမျိုး ရပ်တည်ပေးဖို့ထက် သူတို့ရဲ့ စစ်မျက်နှာချဲ့ထွင် တိုက်ခိုက်လာမှုကို စောင့်ကြည့်ကာကွယ်တားဆီးကြမယ့် အနေအထားမျိုး ဖြစ်လာပါတယ်။
အစိုးရအနေနဲ့သာ ဖိဖိစီးစီး လုပ်လိုတယ်ဆိုရင် ဒီအချိန်ဟာ MNDAA, TNLA တို့ကို အဆုံးသတ်ပေးရမယ့် အချိန်ကာလ ဖြစ်ပါတယ်။ ဒေသခံပြည်သူများကလည်း လက်မခံသလို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်တဲ့ အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာပါတယ်။ ဒေသခံပြည်သူထုရဲ့ အကျိုးကို ကြည့်ပြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း သူတို့တွေ စစ်မျက်နှာချဲ့ထွင်လာတာကို လက်ပိုက်ကြည့်မနေဘဲ စောင့်ကြည့်ကာကွယ် တားဆီးနှိမ်နင်းသွားမယ်ဆိုရင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘုံရန်သူ MNDAA, TNLA အကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ် နှိမ်နင်းသွားနိုင်မှာဖြစ်ပြီး အနာဂတ်မျိုးဆက်အတွက် စစ်ဘေးစစ်ဒဏ်တွေကနေ ကြိုတင်ကာကွယ်တားဆီးပေးရာ ရောက်ပါလိမ့်မယ်။
မြောက်ပိုင်းမဟာမိတ်အမည်ခံဖွဲ့စည်းပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဟာ ၂၀၁၅ ဝန်းကျင်လောက်ကတည်းက ဖြစ်ပါတယ်။ ထိုစဉ်က KIA, MNDAA, TNLA, AA အဖွဲ့များဟာ မူဆယ် ၁၀၅မိုင်ကနေ လာရှိုးလာကြောင်းတလျှောက် စစ်တလင်းဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ KIA ဟာ NUG နဲ့ ပူးပေါင်းပြီး အနောက်အုပ်စုရဲ့ သြဇာခံ အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၂၁ ခုနှစ်ကစလို့ PDF ကို အကြမ်းဖက်သင်တန်းပေးပြီး အကြမ်းဖက်လှုပ်ရှားမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ MNDAA, TNLA, AA တို့က ၂၀၂၃ ခုနှစ်မှစပြီး တရုတ်ရဲ့ လိုလားချက်တွေကို ဝိုင်းဝန်းကူညီဖော်ဆောင်တော့မှာလိုလို ဟန်ရေးပြပြီး အနောက်အုပ်စုရဲ့ သြဇာခံ NUG, PDF လမ်းစဉ်အတိုင်း အပြစ်မဲ့ ပြည်သူများကို ပြစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာတဲ့အခါမှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ဒေသခံပြည်သူများ စစ်ဘေးဒဏ်သင့် အတိဒုက္ခရောက်ရသလို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာလည်း AA အကြမ်းဖက်အဖွဲ့ရဲ့ ဆိုးသွမ်းလှတဲ့ လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူများက လက်မခံနိုင်သည်အထိ ဖြစ်လာရပါတယ်။
ပကတိ တည်ငြိမ်အေးချမ်းလျှက်ရှိတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ စစ်မီးတောက်လောင်အောင် လုပ်ခဲ့ကြတဲ့ MNDAA, TNLA, AA တို့ကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရဟန်းရှင်လူပြည်သူများက တောင်းဆိုထားသည့်အတိုင်း ပြတ်သားစွာ အမြစ်ပြတ်ခြေမှုန်း ရှင်းလင်းဆောင်ရွက်နိုင်ကြပါစေ။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment